မော်လမြိုင်ကျွန်းမြို့နယ်၊ လပွတ်ကွပ်တဲချောင်း ကျေးရွာ၌ အသိပညာပေးဟောပြောပွဲကျင်းပ

မော်လမြိုင်ကျွန်း ဧပြီ ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူပေါင်း၍ အသိပညာ ပေးဟောပြောပွဲအား ယမန်နေ့နံနက်(၁၁)နာရီအချိန်က လပွတ်ကွပ်တဲချောင်းကျေးရွာ၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အာကစားနှင့် ငါးလုပ်ငန်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်နှင်းရည်စိုးက အယ်နီညိုကာကွယ်ရေး သိကောင်းစရာအကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုနုအေးက စာဖတ်ခြင်း၏အကျိုးကျေးဇူးများ သိကောင်းစရာများအကြောင်း၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးဦးမင်းဇော်လတ် ကစားသုံးသူကာကွယ်ရေးနှင့် စားသုံးသူအန္တရာယ် သိကောင်းစရာများအကြောင်း၊ မြို့နယ်ဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းက သဘာဝဘေးအန္တရာယ်နှင့် မုန်းတိုင်အရောင် အဆင့်ဆင့်များသိမှတ်ဖွယ်ရာများအကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်းက မွေးမြူရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များ၊ ဥပဒေများ ဆွေးနွေးခဲ့ကြပြီး ကျေးရွာရှိ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)