ပုသိမ် ဧပြီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများတွင် နွေရာသီကာလ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပူပြင်းသောနွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပုသိမ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးနှင့် ရွှေပြည်သာဈေးတို့တွင် မီးဘေးလုံခြုံရေးနှင့် ကြိုတင်ကာကာကွယ်ရေးအတွက် ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောဝန်ထမ်းများနှင့် နယ်မြေမီးသတ်စခန်းမှ တာဝန်ကျမီးသတ်ဝန်ထမ်းများ ပူးပေါင်း၍ မိန်းခုံများ၊ မီးသတ်ဆေးဗူးများနှင့်ရေစက်များ စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
မြင့်ဟန် (ပြန်/ဆက်)