ရပ်စောက်မြို့၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ ကျင်းပ

ရပ်စောက် ဧပြီ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို စူဠာမုနိကုသိုလ်တော်ဘုရားကြီးဓမ္မာရုံ၌ ဧပြီ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ရပ်စောက်မြို့နယ်စာဖြေဌာန၌ ပထမကြီး၊ ပထမလတ်၊ ပထမငယ်၊ အခြေပြုမူလတန်းတို့တွင် ဒွေမာတိကာ၊ ဘိက္ခုပါတိမောက်၊ ဝတ်နည်းကျင့်ဝတ်ဘာသာရပ်များကို ဝင်ရောက်ဖြေဆိုသည့် သံဃာတော်  ၁၅၁ ပါးတို့က ဖြေဆိုခဲ့ကြကြောင်း သိရသည်။     

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို ရပ်စောက်မြို့နယ်စာဖြေဌာနတွင် ဧပြီ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ နေ့စဉ်မွန်းတည့် ၁၂ နာရီမှ ၃ နာရီအချိန်ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်းနှင့် စာမေးပွဲကျင်းပရာ၌ ကြီးကြပ်ဆရာတော် (၁၀) ပါး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ သာသနာရေးဦးစီဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များမှ နေ့အလိုက် စာဖြေသံဃာများအား နေ့ဆွမ်းနှင့် ခဲဘွယ်များ ဆက်ကပ်လှူဒါန်းလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)