ကျောက်ဆည်မြို့တွင် ရေခဲသေတ္တာ Safeguard ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

ကျောက်ဆည် ဧပြီ  ၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ စုကြီးအုပ်စု၊ ကံဦးရပ်ကွက် ရန်ကုန်-မန္တလေးကားလမ်းဘေးတွင် ဧပြီ(၅)ရက် နံနက် ၁၀ နာရီခန့်က ရေခဲသေတ္တာ Safeguard အပူလွန်ကဲရာမှ  အီလက်ထရောနစ်နှင့်အားကစားပစ္စည်းအရောင်းဆိုင်  တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျောက်ဆည်မြို့၊ စုကြီးအုပ်စု၊ ကံဦးရပ်ကွက ဒေါ်ကြူကြူမြင့် ပိုင်ဆိုင်သည့် RC(၆) ထပ်အတွင်း (၄)လွှာတွင်ရှိသည့် မီးဖိုခန်းအတွင်းမှ ရေခဲသေတ္တာ Safeguard အပူလွန်ကဲ၍ လျှပ်စစ်ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ မီးလောင်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အဖွဲ့ဝင်များ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများသည် ခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေးဦးဆောင်သည့် သန္ဓေတပ်ဖွဲ့ဝင်(၁၅)ဦး၊ အရံမီးသတ်တပ်ဖွဲ့ဝင်(၅)ဦးနှင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့နှင့် အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ (၁၀)နာရီ(၁၂)မိနစ်အချိန်တွင် မီးလုံးဝငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုတ်သေဆုံးမှုမရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)