မန္တလေးတိုင်းဒေသကြီးအတွင်း  ၂၀၂၄ ခုနှစ်  အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပစစ်ဆေး

ချမ်းအေးသာစံ    ဧပြီ  ၅

မန္တလေးတိုင်းဒေသကြီးအတွင်း ၁၃၈၅ ခုနှစ် (၂၀၂၄ ခုနှစ်) အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါဠိဂုဏ်ထူး(ပထမနေ့) ဘာသာရပ်အား ဧပြီလ(၄)ရက်နေ့ မွန်းလွဲပိုင်းတွင် စာဖြေဌာန (၄)ခုဖြင့် ကျင်းပ စစ်ဆေးခဲ့ရာ စာရင်းရှိ ၁၀၉ ပါး၊ ဖြေဆို ၅၃ ပါး၊ ပျက်ကွက် ၅၆ ပါး၊ ဖြေဆိုရာခိုင်နှုန်း ၄၉ ဖြေဆိုခဲ့ကြောင်း သိရသည်။

အဆိုပါစာမေးပွဲအား ၅.၄.၂၀၂၄ ရက်နေ့အထိ ကျင်းပစစ်ဆေးသွားမည်ဖြစ်ပြီး စာဖြေဌာန အလိုက် သြဝါဒါစရိယဆရာတော်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်များ၊ အထူးကြီးကြပ်ဆရာတော်များမှ ကြီးကြပ်၍ သာသနာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

ထွန်းထွန်းနိုင်