မိုးကုတ် ဧပြီ ၅
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် အစိုးရဓမ္မာစရိယစာမေးပွဲကို မိုးကုတ်မြို့၊ ရှောလီဝိုင်းရပ်ကွက်၊ အောင်ချမ်းသာရပ်ရှိ မဟာမုနိဘုရားဝန်းအတွင်း၊ ရတနာမဉ္ဇူဓမ္မာရုံ၌ မတ်လ(၂၈)ရက်နေ့မှစ၍ စတင်ဖြေဆိုကျင်းပလျက်ရှိရာ အစိုးရပါဠိပထမ ပြန်စာမေးပွဲ(တတိယနေ့) (ကြီး၊ လတ်၊ ငယ်၊ မူ) ဖြေဆိုရန်စာရင်းပေးသွင်းသူ ရဟန်းသံဃာ(၁၉၀) ပါး၊ သီလရှင်(၁၁)ပါး စုစုပေါင်း(၂၀၁)ပါးရှိပြီး လာရောက်ဖြေဆိုသူ ရဟန်းသံဃာတော် (၁၄၅)ပါး၊ သီလရှင်(၈)ပါး စုစုပေါင်း(၁၅၃)ပါး ဖြေဆိုလျက်ရှိကြောင်းသိရသည်။
အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲကို မတ်လ (၂၈) ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသူ စာဖြေသံဃာတော်များ၊ သီလရှင်များအား မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကြည်ကြည်နွဲ့(ပြန်/ဆက်)