ကျောက်ဆည်မြို့နယ်တွင် ဆည်ရေသောက်စနစ်အပြင် မြေအောက်(စက်ရေတွင်း)များဖြင့် မိုးကြိုချည်မျှင်ရှည်ဝါ(၈၅)ဧက လျားထားစိုက်ပျိုး

ကျောက်ဆည် ဧပြီ  ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ချည်မျှင်ရှည်ဝါသီးနှံများကို မိုး၊ မိုးကြို၊ မိုးနှောင်းကာလများတွင် တိုးချဲ့စိုက်ပျိုးလျက်ရှိရာ မိုးကြိုရာသီး၌ ဆည်ရေသောက်စနစ်အပြင် မြေအောက်(စက်ရေတွင်း)များဖြင့် (၈၅)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ထိုသို့ မိုးကြိုဝါများစိုက်ပျိုးရာတွင် ဟံမြင့်မိုရ်၊ လယ်ကြီး၊ ပုန်းညက်ကျေး၊ ကျားကာ၊ သံရွာ၊ ခါးတက္တုန်း၊ ဆူးလေကုန်း၊ ပေါက်ပင်ကွေ့၊ မြေစိုမိုး၊ ပဲခင်း၊ ပေါင်လောင်၊ တောင်တော်၊ ကင်းကျေးရွာအုပ်စုများတွင် တောင်သူများနှင့်ပူးပေါင်းပြီး ရေရရှိရေးနည်းလမ်းဖြင့်(၈၃)ဧကနှင့် မြေအောက်ရေစက်ရေတွင်းဖြင့် (၂)ဧက၊ စုစုပေါင်း(၈၅)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ချည်မျှင်ရှည်ဝါသီးနှံများ စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့များဖြန့်ဝေပေးပြီး မြေပြုပြင် ချိန်မှစ၍ စတင်စိုက်ပျိုးရိတ်သိမ်းချိန်အထိ စိုက်ခင်းအခြေအနေများကို ကြည့်ရှု၍ အပင်သက်တမ်းအလိုက် ဆောင်ရွက်သွားရမည့် မြေဆွခြင်းများ၊ ပေါင်းရှင်းလင်းခြင်းများ၊  သွင်းအားစုနည်းပညာ အချက် အလက်များအား စနစ်တကျ ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)