တပ်ကုန်းမြို့၌ ပါဠိပထမပြန်စာမေးပွဲတွင် စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား မြဝတီရပ်ကွက်ပြည်သူများမှ နေ့ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်း

တပ်ကုန်း ဧပြီ ၈

၂၀၂၄ ခုနှစ်၊ သာသနာရေးဦးစီးဌာနမှ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဦးဆောင်ကျင်းပလျက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အစိုးရပါဠိပထမပြန် စာမေးပွဲကို ဧပြီ ၆ ရက် နေ့လယ် ၁၂နာရီက ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီးနှင့် အောင်ဆန်းခန်းမစာစစ်ဌာနတွင် ဖြေဆိုတော်မူလျက်ရှိရာ စာဖြေရဟန်း၊ သာမဏေ၊ သီလရှင်များနှင့်ကြီးကြပ်ဆရာတော်များအား မြဝတီရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စေတနာရှင်ပြည်သူများစုပေါင်း၍ နေ့ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ဘာသာပြန်ဘာသာရပ်အား ပထမငယ်တန်းစာရင်းရှိ ၇၃ ပါး၊ ဖြေဆို ၆၇ပါး၊ ပျက်ကွက် ၆ ပါး၊ ယမိုက်အောက်ငါးကျမ်းဘာသာရပ်အား ပထမလတ်တန်းစာရင်းရှိ ၃၀ပါး၊ ဖြေဆို ၂၄ ပါး၊ ပျက်ကွက် ၆ ပါး၊ ယမိုက်အထက် ငါးကျမ်းဘာသာရပ်အား ပထမကြီးတန်းစာရင်းရှိ ၄၆ပါး၊ ဖြေဆို ၃၅ ပါး၊ ပျက်ကွက် ၁၁ ပါး၊ စုစု ပေါင်းဖြေဆိုမှုရာခိုင်နှုန်း ၈၄ ဒသမ ၅၆ ရာခိုင်နှုန်း ဖြေဆိုခဲ့ကြောင်းသိရပြီး၊ ပါဠိပထမပြန်စာမေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မ(၆)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက ရက်အစဉ်အလိုက် ဆွမ်း၊­­ ဘောဇဉ်နှင့် အအေးများ ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။

တင်စိုးလွင်