ကျောက်ဆည် ဧပြီ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေ ပြုဗဟိုဌာနတွင် ယမန်နေ့နံနက် (၁၁)နာရီက ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မော်တော်ဆိုင် ကယ်စီးလျှင် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ရန်၊ အချက်ပြမီး၊ ဘရိတ်မီးများကောင်းမွန်ရန်၊ ယာဉ်ကြောပြောင်းပြန်မစီးရန်၊ ယာအစွန်လမ်းများမှသာ စီးနင်းမောင်းနှင်ရန်၊ လက်လွှတ်မမောင်းရန်၊ မူးယစ်သောက်စားပြီး မမောင်းရန်၊ သတ်မှတ်ယာဉ်ကြောမှမောင်းရန်၊ ဖြောင့်တန်းစွာမောင်းရန်၊ ပြိုင်မမောင်းရန်၊ ယာဉ်မောင်းနှင့် ယာဉ်လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပတ်များကို ကိုယ်တွင်တပ်ဆင်ရန်၊ ယာဉ်ထိန်းရဲ၏ လက်အချက်ပြမှုနှင့် ညွှန်ကြားမှုကို အမြဲလိုက်နာရန်၊ မြို့တွင်းမိုင်(၃၀)နှုန်းနှင့်မြို့ပြင်မိုင်(၅၀)နှုန်းထက်ပိုမမောင်းရန်၊ ကျောင်းအနီးတွင် အရှိန်ပြင်းစွာ မမောင်းရန်၊ လူကူးမျဉ်းကြားပေါ်တွင် ယာဉ်လုံးဝမရပ်ရန် စသည့် အကြောင်းအရာများ ဟောပြောခဲ့သည်။
ထို့နောက် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက လမ်းဖြတ်ကူးပါက ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည့်၊ ညာပြန်ကြည့်ပြီး လမ်းရှင်းမှကူးရန်၊ လူကူးမျဉ်းကြားမှကူးရန်၊ ယာဉ်မောင်းလိုင်စင်ပါမှ ယာဉ်မောင်းရန်၊ ယာဉ်မောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးမပြုရန်၊ လိုင်စင်ခွင့်မပြုထားသော ယာဉ်များမမောင်းရန်၊ ယာဉ်ကို ဘေးအန္တရာယ်ဖြစ်အောင်မမောင်းရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲ့မှု ဥပဒေများအား ဟောပြောခဲ့ကြောင်းနှင့် အသိပညာပေးဟောပြောပွဲအပြီးတွင် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကြင်းပြသထားသော စာအုပ်၊ စာစောင်များနှင့် အသိပညာပေးနံရံကပ်စားစောင်များအား စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။
စုစုအေးနွယ်(ကျောက်ဆည်)