မြဝတီ ဧပြီ ၈
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှု တိုးတက်ပြန့်ပွားရေးအသင်းမှ ကြီးမှူးကျင်းပသော (၁၃)ကြိမ်မြောက် နွေရာသီကရင်စာပေနှင့် ယဉ်ကျေးမှုသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါအသင်းရုံး ခန်းမဆောင်၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ သဘာပတိကြီးမန်းစောကြည်ဝင်းနှင့် မြဝတီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်တို့က အဖွင့်အမှာစကားပြောကြားပေးပြီး ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းဥက္ကဋ္ဌ ဦးစောအောင်သိန်းမြင့်ကသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်း အတွေ့အကြုံများကိုရှင်းလင်းပေးသည်။
ထို့နောက်သင်တန်းတွက် လှူဒါန်းပေးသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်လွင်နှင့် တာဝန်ရှိသူအသီးသီးက ပေးအပ်ချီးမြှင့်ပေးပြီး ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအသင်းမှ သင်တန်းမှူး ဦးစောထွန်းထွန်းဦးက မတ် ၁၀ ရက်နေ့မှ ဧပြီ ၇ ရက်နေ့ထိ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည့် သင်တန်းအတွက် ဝိုင်းဝန်းကူညီပေးသည့် အလှူရှင်များအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)