Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အုတ်တွင်းမြို့နယ်အတွင်းရှိ Drum Seeder ဖြင့် စိုက်ပျိုးသည့် နွေစပါးဧက (၅၀) စံပြကွက်အားကြည့်ရှုစစ် ဆေး၊ စိုက်ပျိ…
Apr 08,2024
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့သည် ယနေ့နံနက်ပိုင်းက အုတ်တွင်းမြို့နယ်အတွင်းရှိ Drum Seeder ဖြင့် စိုက်ပျိုးသည့် နွေစပါးဧက (၅၀) စံပြကွက်အားကြည့်ရှုစစ်ဆေးပြီး နွေစပါးစိုက်တောင်သူများအား စိုက်ပျိုးရေရရှိရန်နှင့်အထွက် နှုန်းတိုးတက်စေရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တွံတေးမြို့နယ်၌ နွေရာသီအခြေခံပုံဆွဲနည်းသင်တန်းဖွင့်ပွဲ ပြုလုပ်
Apr 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးငယ်များ၏ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်အတွင်း ပညာဗဟုသုတရှိစေရန် ပုံရေးဆွဲနည်းများကို အခြေခံတတ်မြောက်ပြီး ကျောင်းစာဘာသာရပ်များတွင် အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အခြေခံပုံဆွဲနည်းသင်တန်း ဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာယာဝတီမြို့နယ်တွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆဲလျှော်) မျိုးစေ့ကြဲပက်ပွဲ ကျင်းပ
Apr 08,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ မိုးစပါးစိုက်ပျိုးရာသီတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ကြဲပက်ပွဲအခမ်းအနားကို သင်တောရိုးကျေးရွာအုပ်စု သင်တောရိုးကျေးရွာကွင်းအမှတ် (၁၂၅၂) ဦးပိုင်အမှတ် (၄၄) တောင်သူ ဦးထွန်းထွန်းဝင်း၏ လယ်မြေတွင်သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ကြဲပက်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့တွင် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ အသိပညာပေးဟောပြောပွဲကျင်းပ
Apr 08,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ပလတ်စတစ်စွန့်ပစ်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ စာဖတ်ဝိုင်းကျင်းပ
Apr 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ဒေသနေပြည်သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်များရရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းသိရှိစေရန် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမတွင် စာရေးဆရာ ဗန်းမော်တင်အောင် ရေးသားထားသော “ငသြ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကျန်းမာရေးပုံမှန် စောင့်ရှောက်မှုများပေး
Apr 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးကြည့်ရှု စစ်ဆေးပေးခြင်းများကို ယနေ့နံနက် (၉) နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့၌ ဗုဒ္ဓဘာသာအခြေခံယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်
Apr 08,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေးလိမ္မာသင်တန်းကို ယနေ့နံနက် ၈ နာရီက အောင်လံမြို့နယ် ရခိုင်ဘုန်းတော်ကြီးကျောင်း စာသင်တိုက်တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရခိုင်ဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော် အရှင်ဇောတိက၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သင်တန်းသား၊ သူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြိုနယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်
Apr 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၄)ရပ်ကွက်တွင် ပန်းခင်းစီမံချက်(၃)အရ အဆိုပါရပ်ကွက်အတွင်းနေထိုင်သည့် အသက်(၁၈)နှစ်ပြည့်ပြီး ကျူးကျော်နေထိုင်သူအိမ်ထောင်စုများအား အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက် ၁၀:၀၀ နာရီက ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9201
Page
9202
Page
9203
Page
9204
Current page
9205
Page
9206
Page
9207
Page
9208
Page
9209
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department