ရန်ကုန် ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၄)ရပ်ကွက်တွင် ပန်းခင်းစီမံချက်(၃)အရ အဆိုပါရပ်ကွက်အတွင်းနေထိုင်သည့် အသက်(၁၈)နှစ်ပြည့်ပြီး ကျူးကျော်နေထိုင်သူအိမ်ထောင်စုများအား အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယနေ့နံနက် ၁၀:၀၀ နာရီက ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။
ပေးအပ်ပွဲတွင် အမှတ်(၉၄)ရပ်ကွက်ရှိ ကျူးကျော်နေထိုင်သူအိမ်ထောင်စု(၁၆၂)စုအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား(၉၂)ကတ်ကိုပြုလုပ်ပေးခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူးဦးအေးကျော်က နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးခင်မောင်ဇင်နှင့် ရပ်မိရပ်ဖတစ်ဦးက အိမ်ထောင်စုဝင်များကိုယ်စား လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။
လှုမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံသားများဖြစ်ကြသော တိုင်းရင်းသားများနှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သော ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်မည့်သူများအနေဖြင့် သက်ဆိုင်ရာအသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးများထံသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးကျော်ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)