Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စစ်ကိုင်းမြို့တွင် အခြေခံပညာ စာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲ ကျင်းပ
Apr 09,2024
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအားလုံး ပညာရည်မြင့်မားပြီး အရေး၊ အဖတ်၊ အတွက်၊ အချက် တတ်ကျွမ်းစေရန်၊ စာမတတ်သူပပျောက်ရေး၊ ရပ်ရွာအတွင်းရှိ အကြောင်း အမျိုးမျိုးကြောင့် စာမသင်ကြားခဲ့ရသူများအား ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေး မြှင့်တင်နိုင်ရန် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်များအလိုက် ဖွင့်လှစ်သင်ကြားလျက်ရှိရာ စစ်ကိုင်းမြို့အနေဖြင့်လည်း ယနေ့တွင် အခြေခံ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ အသင်္ခယာန်းမ၌ စာတတ်မြောက်ရေး သင်တန်းဖွင့် လှစ်၍ စတင်သင်ကြားပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပုံပါကျင်မြို့ နားကောင်းမူးကျေးရွာ တပ်ဦးကျောင်း၌ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဆုနှင်းသဘင်အခမ်းအနား ကျင်းပ
Apr 09,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့ နားကောင်းမူးကျေးရွာ တပ်ဦးကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်ဖွင့်လှစ်ခဲ့သည့် စတုတ္ထအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တပ်ဦးကျောင်း၌ ပြုလုပ်ရာ ကျောင်းသားမိဘများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Apr 09,2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက ကဒါရပ်ကွက် ဝါးကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ်၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Apr 09,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်းတည်၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက အစိုးရ ပါဠိပထမပြန် စာမေးပွဲမှ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း
Apr 08,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် သာသနာ့ဗိမာန်တော်၌ ကျင်းပလျက်ရှိသော ၇၆ ကြိမ်မြောက်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ၏ ကြီးကြပ်ရေး ဆရာတော်ကြီးများနှင့်စာဖြေရဟန်းသာမဏေများ ဆွမ်းကွမ်းပြည့်စုံစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုက ယနေ့နံနက် (၁၀) နာရီခွဲတွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့်ခေတ်မီစံပြကျေးရွာစီမံကိန်း သုံးသပ်ဆွေးနွေးပွဲ
Apr 08,2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဘုတ်ပြင်းမြို့နယ်အတွင်း ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင် ကျေးရွာစီမံကိန်း(၁၉)ယူနစ်၊ကျေးရွာ(၂၄)ရွာနှင့် ခေတ်မီစံပြကျေးရွာစီမံကိန်းကျေးရွာ (၁) ရွာကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ စီမံကိန်းလုပ်ငန်းများအလိုက် အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များဖြင့် စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ ရေရှည်တည်တံ့စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့်ခေတ်မီစံပြ ကျေးရွာထူထောင်ရေး စီမံကိန်းသုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စာသင်ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ဒုတိယမြို့တော်ဝန် ကွင်းဆင်းကြည့်ရှု
Apr 08,2024
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီသည် အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဒုတိယဌာနမှုး (ခရိုင်၊မြို့နယ်) ၊ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ လိုက်ပါကာ ယနေ့နံနက် (၇)နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် - (၃) အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေစေရေး၊ အလင်းရောင်ကောင်းစွာရရှိစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။
အပြည့်အစုံ ဖတ်ရန်
လပွတ္တာမြို့၊ ကြူတောကျေးရွာအုပ်စုတွင် စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံ
Apr 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကြူတောကျေးရွာအုပ်စုတွင် ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9199
Page
9200
Page
9201
Page
9202
Current page
9203
Page
9204
Page
9205
Page
9206
Page
9207
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department