Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နွားထိုးကြီးမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဆက်လက်ဖြေဆို
Apr 08,2024
နွားထိုးကြီးမြို့ အမှတ်(၂)ရပ်ကွက်အတွင်းရှိ အလယ်ကျောင်းစာသင်တိုက်၌ ယနေ့မွန်းတည့် (၁၂) နာရီအချိန်က မြို့နယ်သံဃာနာယက ဆရာတော်ကြီးများကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက် အခြေခံကိုရီးယားဘာသာစကား (အခမဲ့) သင်တန်း ဆက်လက်ဖွင့်လှစ်သင်ကြားလျက်ရှိ
Apr 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ အခြေခံကိုရီးယားဘာသာစကား(အခမဲ့) သင်တန်းကို ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမရှိ သတ်မှတ်ရက်များတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဓနုဖြူမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ လိုက်လံကြည့်ရ…
Apr 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက အခြေခံစာတတ်မြောက်ရေးလုပ်ငန်းဆောင်ရွက်နေသည့် စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ်၌ ဆောင်းကြက်သွန်များ နုတ်သိမ်းနေပြီဖြစ်ရာ တစ်ပိဿာ ၁၇၀၀ ကျပ် ရောင်းချနေရ
Apr 08,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ ဆောင်းကြက်သွန်နီနုတ်သိမ်းနေပြီဖြစ်ရာ ရောင်းချချိန် တစ်ပိဿာ ၁၇၀၀ ကျပ် ရောင်းချနေရခြင်းကြောင့် လာမည့်နှစ် ဆောင်းကြက်သွန်နီစိုက်ပျိုးမည့် တောင်သူများပြားလာနိုင်ကြောင်း ကန်ပတ်လည်အုပ်စု၊ လဲဂွကျေးရွာ ဆောင်းကြက်သွန်နီ စိုက်ပျိုးတောင်သူ ဦးတင်ထွန်းထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်ပြပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ
Apr 08,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်က စာအုပ်/ စာပေနှင့် ရင်းနှီးကျွမ်းဝင်၍ အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်၊ ကဗျာရွတ်စွမ်းရည်မြင့်မားလာစေရန် စာအုပ်ပြပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အမာမြို့တွင် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်း များဆောင်ရွက်
Apr 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်(၇) နာရီက အမာမြို့ လူစည်ကားရာဈေးရှေ့တွင် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ရှင်သာမဏေများအား အရုဏ်ဆွမ်းလောင်းလှူပူဇော်၊ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြား
Apr 08,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်းပြီး ယနေ့နံနက်ပိုင်းက ရှင်သာမဏေများကို ပင့်ဖိတ်၍ အရုဏ်ဆွမ်း လောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်းဆင်းပွဲကျင်းပ
Apr 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း မြတ်ခရေခန်းမ၌ ကျင်းပခဲ့ရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ အလယ်တန်း ကျောင်းသား/ ကျောင်းသူ (၅၈) ဦး တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9205
Page
9206
Page
9207
Page
9208
Current page
9209
Page
9210
Page
9211
Page
9212
Page
9213
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department