အမြို့မြို့အနယ်နယ်သတင်းများ

Apr 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ အသက်(၁)နှစ်မှ(၅)နှစ်အရွယ် ကလေးငယ်များကို Catch-Up နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်အတွင်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဒေသန္တရဆေးခန်းနှင့် သတ်မှတ်နေရာများတွင်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Apr 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်းရှိ ပြည်သူများ စာမတတ်သူပပျောက်ပြီး အခြေခံ အရေး၊ အဖတ်များ တတ်မြောက်စေရန်၊ ဗဟုသုတ တိုးပွား၍ အတွေး‌အခေါ်မြင့်မားစေရန်အတွက် အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ စာသင်ဝိုင်းများ၌ ယနေ့မှစ၍ ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 08,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ ဆန်းသစ်တီထွင်ဖန်တီးမှုစွမ်းရည်များ မြင့်မားတိုးတက်လာစေရန်နှင့် မြန်မာ့လက်မှုပညာရပ် တစ်ခုဖြစ်သည့် ပန်းချီအနုပညာနှင့်ပတ်သက်၍ အမြတ်တနိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်ချက်ဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Apr 08,2024
ကချင်ပြည်နယ် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့က ကြီးမှူး၍ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဌာနအလိုက် ငွေစာရင်းကိုင်တွယ်ဆောင်ရွက်နေကြသည့် ဝန်ထမ်းများနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကားပြောကြားသည်။
Apr 08,2024
ကျောင်းသား/ကျောင်းသူများ လမ်းအသုံးပြုရာတွင် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့် ယာဉ်မတော်တဆမှုများ ကျဆင်းစေရန် ရည်ရွယ်၍ အမှတ် (၉၄) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ် အေးမြဖြူနှင့် ရဲတပ်ကြပ်ကြီး အေးစိုး(ဇင်ယော်)တို့ ဦးစီးသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၃ နာရီက ပြင်ဦးလွင်မြို့ မေတ္တာမိဘမဲ့ဂေဟာကျောင်း စာသင်ခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
Apr 08,2024
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးထားသောနွေစပါးစံကွက်ရိတ်သိမ်းပွဲကိုယနေ့နံနက်၇နာရီကမကျီးတန်းရပ်ကွက်ကွင်းအ မှတ်(၂၉၃) ဦးပိုင်အမှတ်(က-၆/၄) လာပလိန်းကွင်းရှိ တောင်သူဒေါ် ခင်ဝင်းနုပိုင်လယ်မြေ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 08,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ် ရပ်ကွက်နှင့်ကျေးရွာများအတွင်းရှိ စာမတတ်မြောက်သူများ စာတတ်မြောက်ရေးအတွက် ဧပြီလ ၆ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများတွင် စာသင်ဝိုင်း(၅၃)ဝိုင်းဖြင့် ဆောင်ရွက်လျက်ရှိသည်။
Apr 08,2024
ကရင်ပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် ပြည်နယ်သန်းခေါင်စာရင်းကော်မတီတို့၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။