ကော့မှူး၌မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးထားသော နွေစပါးစံကွက်ရိတ်သိမ်း

ကော့မှူး ဧပြီ ၈

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မျိုးစေ့ချကိရိယာ (Seeder)ဖြင့် စိုက်ပျိုးထားသောနွေစပါးစံကွက်ရိတ်သိမ်းပွဲကိုယနေ့နံနက်၇နာရီကမကျီးတန်းရပ်ကွက်ကွင်းအ မှတ်(၂၉၃) ဦးပိုင်အမှတ်(က-၆/၄) လာပလိန်းကွင်းရှိ တောင်သူဒေါ် ခင်ဝင်းနုပိုင်လယ်မြေ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ တွံတေးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးထင်ကျော်နှင့် အဖွဲ့ဝင်များ၊ ကော့မှူးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် အဖွဲ့ဝင်များ တောင်သူများက အဆိုပါလယ်၌ စပါးရိတ်သိမ်း ခြွေ့လှေ့စက်ဖြင့် စပါးရိတ်သိမ်းမှုနှင့် ရတ်သိမ်းပြီး စပါးများချိန်တွယ် နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်ကျော်ကပြောကြား ရာတွင်တောင်သူများအနေဖြင့် မိုးစပါးရာသီတွင်လည်း Seeder ဖြင့် စိုက်ပျိုးကြရန်၊ မိရိုးဖလာကောက်စိုက်သမားများဖြင့်စိုက်ခြင်း၊ ကြဲပက်စိုက်ပျိုးခြင်းများသည် အလေ့အလွင့်နှင့်ဆုံးရှုံးမှုရှိခြင်း၊ အချိန်ကုန်ခြင်း၊ ငွေကြေးကုန်ကျမှုများခြင်းတို့ကြောင့် တောင်သူများအနေဖြင့် Seeder ဖြင့်စိုက်ပျိုးကြရန်နှင့် Seeder ဖြင့်စိုက် ပျိုးခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို အခြားတောင်သူများကိုလည်း လက်ဆင့်ကမ်းပြောကြားရန် ပြောကြားခဲ့သည်။

ဆက်လက်၍ တောင်သူ ဒေါ်ခင်ဝင်းနုက Seeder ဖြင့် စိုက်ပျိုးခြင်းကြောင့် တစ်ဧကအထွက်နှုန်း  ၁၁၄ဒသမ  ၄၁ ထွက်ရှိ၍ လာမည့်မိုးစပါးရာသီတွင်လည်း Seeder ဖြင့်သာစိုက်ပျိုးမည်ဖြစ် သောကြောင့် ဘဝတူလယ်သမားများအနေဖြင့်လည်း Seeder ဖြင့် စိုက်ပျိုးကြရန် ပြောကြားခဲ့ပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက Seeder ဖြင့် စပါးတိုက်ရိုက်အစေ့ချနေမှုတို့ကို လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။

ကျော်သူရ (ပြန်/ဆက်)