ပေါင်းတည် ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် သာသနာ့ဗိမာန်တော်၌ ကျင်းပလျက်ရှိသော ၇၆ ကြိမ်မြောက်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ၏ ကြီးကြပ်ရေး ဆရာတော်ကြီးများနှင့်စာဖြေရဟန်းသာမဏေများ ဆွမ်းကွမ်းပြည့်စုံစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုက ယနေ့နံနက် (၁၀) နာရီခွဲတွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ရှေးဦးစွာ ပေါင်းတည်မြို့ ရွှေကျောင်းကြီးတိုက်၊ သဒ္ဓမ္မဇောတိကာရုံကျောင်းတိုက်ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တ သုန္ဒရဆရာတော်ထံမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်နှင့် ဇနီးဒေါ်ခိုင်မာလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦးအေးကျော်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးတို့နှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးမှူးများ၊ ဝန်ထမ်းများ၊မြို့နယ် အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များက ငါးပါးသီလခံယူ ဆောက်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ထို့နောက် ၂၀၂၄ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ဩဝါဒါစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ၊ စာမေးပွဲကြီးကြပ် ဆရာတော်များနှင့် စာဖြေ ရဟန်းသာမဏေ (၃၅) ပါးအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများနှင့် မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့တို့က အသီးသီးနေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သူရကြီး( ပြန်/ဆက်)