ဒဂုံတောင် ဧပြီ ၈
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးညီညီသည် အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများ၊ ဒုတိယဌာနမှုး (ခရိုင်၊မြို့နယ်) ၊ခရိုင်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ လိုက်ပါကာ ယနေ့နံနက် (၇)နာရီက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမှတ် - (၃) အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေစေရေး၊ အလင်းရောင်ကောင်းစွာရရှိစေရေးနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။
ထိုသို့ ကွင်းကြည့်ရှုဆင်းစစ်ဆေးရာတွင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် (၂၆) ရပ်ကွက် ပုလဲရတနာလမ်းရှိ အမှတ် - ၃ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးအဖွဲ့များ ပရဟိတနှင့်ရပ်ကျေးအဖွဲ့များ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ အင်အား (၁၃၀)စုပေါင်းကာ ကျောင်းဝင်း အတွင်း/အပြင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ခြင်ဆေးဖြန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်း သတင်းရရှိသည်။