စစ်ကိုင်းမြို့တွင် အခြေခံပညာ စာတတ်မြောက်ရေး သင်တန်းဖွင့်ပွဲ ကျင်းပ

စစ်ကိုင်း ဧပြီ ၉

ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအားလုံး ပညာရည်မြင့်မားပြီး အရေး၊ အဖတ်၊ အတွက်၊ အချက် တတ်ကျွမ်းစေရန်၊  စာမတတ်သူပပျောက်ရေး၊ ရပ်ရွာအတွင်းရှိ အကြောင်း အမျိုးမျိုးကြောင့် စာမသင်ကြားခဲ့ရသူများအား ပညာရေးနှင့် ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေး မြှင့်တင်နိုင်ရန် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်များအလိုက် ဖွင့်လှစ်သင်ကြားလျက်ရှိရာ စစ်ကိုင်းမြို့အနေဖြင့်လည်း ယမန်နေ့တွင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ အသင်္ခယာန်းမ၌ စာတတ်မြောက်ရေး သင်တန်းဖွင့် လှစ်၍ စတင်သင်ကြားပေးလျက်ရှိသည်။

သင်တန်းဖွင့်ပွဲတွင် ကျောင်းသား/ကျောင်းသူလေးများ စာမတတ်သူပပျောက်ရေး တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးခဲ့ပြီး စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အဖွင့်အမှာ စကားပြောကြားခဲ့ကာ စာသင်ဝိုင်းအား သင်ကြားရေးဆရာ/ ဆရာမများက စတင်သင်ကြားပေးခဲ့ ကြသည်။

စစ်ကိုင်းမြို့နယ်တွင် ရပ်ကွက်ပေါင်း(၂၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၃)စုမှာ စာသင်ဝိုင်း (၄၆) ဝိုင်းဖြင့် ရက်ပေါင်း(၄၀) တစ်နေ့ကို (၃)နာရီနှုန်းနဲ့ နာရီပေါင်း(၁၂၀)နာရီ သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းသို့ အမျိုးသား(၂၆၈)ဦး၊ အမျိုးသမီး(၄၀၆)ဦး၊ စုစုပေါင်း(၆၇၄)ဦး သင်ကြားသွားကြမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူး စာရင်းများအရ သိရသည်။

ဇော်မြင့်နိုင်(ပြန်/ဆက်)