ညောင်လေးပင်မြို့နယ်၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ညောင်လေးပင် ဧပြီ ၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးသူငယ်အလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၉) နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်မိုးစန္ဒာဝင်းက ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ကလေးသူငယ်အလုပ်သမားပပျောက်ရေးရည်မှန်းချက် (၃) ရပ်၊ ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးအလုပ်သမားများအား အဆိုးဝါးပုံစံဖြင့် ခိုင်းစေခြင်း၊ အလုပ်ရှင်များအတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ စသည့်ကလေးအလုပ်သမားများ၏ အသက်အရွယ် အကြောင်းအရာများအား ကျောင်းသား/ ကျောင်းသူများ သိရှိလိုက်နာသင့်သည့် အချက်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်အလုပ်သမားပပျောက်ရေးသိပညာပေး နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)