လပွတ္တာမြို့၊ ​ကြူတောကျေးရွာအုပ်စုတွင် စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံ

လပွတ္တာ ဧပြီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကြူတောကျေးရွာအုပ်စုတွင် ယနေ့ နံနက် (၉) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးဝေဟိန်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ပြည်သူ့စစ်မှုထမ်းဥပဒနှင့် စစ်မှုထမ်းဆောင်နိုင်ရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့များ ပူးပေါင်း၍ လုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ နွေစပါးတစ်ဧက (၁၀)တင်းနှုန်း ပိုမိုထွက်ရှိအောင် ဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စရပ် များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းကြရာ ကဏ္ဍ အလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ဆွေးနွေး ရှင်းလင်း‌ဖြေကြားပေးခဲ့ကြကြောင်း သိရ သည်။

မူမူ(ပြန်/ဆက်)