တံတားဦးမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့်မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာရုံးများ ကွင်းဆင်းစစ်ဆေး

တံတားဦး မေ  ၂၂

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ အစိုးရသစ်လက်ထက် (၁၀၀)စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်သူအောင် ဦးဆောင်ပြီး ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာရုံးများအား ကွင်းဆင်းစစ်ဆေးသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များက ဌာနဆိုင်ရာ ရုံးများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လျှပ်စစ်မီးကြိုးများနှင့် မီးခလုတ်များအား စစ်ဆေးခြင်း၊ မီးချိတ်၊ မီးကတ်၊ သဲပုံးများ၊ ရေပုံးများနှင့် မီးသတ်ဆေးနိုင်ရေး ပစ္စည်းများထားရှိခြင်း ရှိ၊ မရှိ၊ ရေတွင်း၊ ရေကန်များ၌ ရေများအသင့်ထားရှိရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြပြီး ဌာနဆိုင်ရာဝန်ထမ်းများအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးကြ သည်။

ကွင်းဆင်းစစ်ဆေးခြင်းသည် အစိုးရသစ်လက်ထက် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းလိုင်းခန်းများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။

ရဲတင့်(ပြန်/ဆက်)