ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ငလျင်ဒဏ်သင့် ကျောက်ဆည်တက္ကသိုလ်၌ အဆောက်အဦများ ပြုပြင်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

စဉ့်ကိုင် မေ ၂၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်နှင့် တာဝန်ရှိသူများ လိုက်ပါလာပြီး မေ ၂၂ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ က ကျောက်ဆည်တက္ကသိုလ်၌ မန္တလေး‌ မြေငလျင်ကြီးကြောင့် ပျက်စီးသွားသည့် အဆောက်အဦများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား လိုက်လံကြည့်ရှု စစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများအား ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေ၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက မြေငလျင်ဒဏ်သင့် အဆောက်အဦများ ပြန်လည်ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လိုက်လံ ရှင်းလင်ပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)