လှိုင်းဘွဲ မေ ၂၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သမ္ဘာန်ကျေးရွာအုပ်စု၊ ဝါးဆူကွင်းကျေးရွာအနီး ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးပေါ်တွင် မိုးရွာသွန်းမှုများပြားခြင်းကြောင့် ယနေ့နံနက်(၁၀)နာရီခွဲက တံတားအမှတ် ၃/၁၂(အလျား ၂၄ပေ၊ အနံ(၁၈)ပေ)ရှိ သံကူကွန်ကရစ်တံတားတစ်စင်း မြေသားကျွံကာ နိမ့်ကျ၍ အနည်းငယ်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ မြေသားကျွံကာ နိမ့်ကျခြင်းကြောင့် တာဝန်ရှိသူများက ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် သံကူကွန်ကရစ်တံတားပေါ်သို့ မော်တော်ယာဉ်အသေးနှင့်ဆိုင်ကယ်များသာ စနစ်တကျဖြတ်သန်းသွားလာခွင့်ပြုထားပြီး ယာဉ်ကြီးများ ဖြတ်သန်းသွား၍ မရကြောင်း သိရှိရသည်။
စောဒိ( ပြန်/ဆက်)