မြန်အောင် မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆင်သေကျေးရွာအုပ်စုတောင်သူ ဦးအောင်ဌေး၏ လယ်မြေကွင်းအမှတ် (၁၈၉)၊ ဦးပိုင်အမှတ် (၁၃၄) ရှိ လယ်မြေငါးဧကတွင် ယနေ့နံနက်က မိုးစပါးအထွက်နှုန်းတိုးတက်စေရန် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်ပွဲနှင့် မျိုးစေ့ပေးအပ်ပွဲ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်ကတောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးပန်းတိုင်အထွက်နှုန်းတိုးတက်ရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းရေး၊ ကြဲခင်းစနစ်ပပျောက်ရေးနှင့် သီးနှံစိုက်စွမ်းအား မြှင့်တင်ရေးဆွေးနွေးပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်လင်းက လယ်မြေများတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးခြင်းအားဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြန်အောင်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းကော် မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ မြန်အောင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းထွန်းနှင့်မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းကော်မတီအဖွဲ့ဝင်များက တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့များပေးအပ်ခဲ့ပြီး တောင်သူဦးအောင်ဌေး၏ လယ်မြေငါးဧကတွင် သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ခဲ့ကြသည်။
ဝင်းဗိုလ်