မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည်မျက်နှာစုံညီ အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနား ကျင်းပ

မြစ်သား မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း နှစ်ပတ်လည် မျက်နှာစုံညီအစည်းအဝေးနှင့် အမှုဆောင်သစ်ရွေးချယ် တင်မြှောက်ခြင်းအခမ်းအနားကို  မေ ၂၁ ရက် နံနက် ၁၀ နာရီက ရွှေသူဌေးရပ်ကွက်ရှိ Coffee House ဆိုင်၌ ကျင်းပပြုလုပ်သည်။

  အခမ်းအနားတွင် ရွေးချယ်တင်‌မြောက်ပွဲကော်မရှင် ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ  ဆရာဦးပြား (တမ္ပဝတီလူထူးကဲ)က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် စာရေးဆရာအသင်းအတွင်းရေးမှူး ဆရာဦးမြင့်သိန်း (မိုးခန့်ကျော်-မြစ်သား)က အမှုဆောင်အဖွဲ့အစီရင်ခံစာဖတ်ကြားခြင်းနှင့်အစည်းအဝေးဆုံးဖြတ် ချက်တို့အား ဖတ်ကြားခဲ့သည်။ ထို့နောက် လက်ရှိ စာရေးဆရာအသင်းဥက္ကဋ္ဌက လက်ရှိအလုပ်အမှုဆောင်ကို ဖျက်သိမ်းကြောင်းကြေညာပြီး အမှုဆောင်ကော်မတီအသစ် ၅ ဦးတို့ကို တက်ရောက်လာသောစာရေးဆရာများက လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်ခဲ့ကြပြီး စာရေးဆရာ အသင်းဥက္ကဋ္ဌနေရာ၊ အတွင်းရေးမှူးနေရာနှင့် စတုတ္ထအကြိမ်ညီလာခံကိုယ်စားလှယ်များကို ဆန္ဒမဲပေးရွေးချယ်၍  စာရေးဆရာအသင်းဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာ‌ရေးမှူး၊ အမှုဆောင်အဖွဲ့ဝင် ၁၊ အမှုဆောင်အဖွဲ့ဝင် ၂ နှင့် ညီလာခံ ကိုယ်စားလှယ် ၂ ဦးတို့ကို  ရွေးချယ်‌ ကြေညာ‌ပေးခဲ့‌ကြောင်း သိရသည်။

အခမ်းအနားသို့ ရွေးချယ်တင်‌မြောက်ပွဲကော်မရှင်ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ ရွေးချယ်တင်‌မြောက်ပွဲကော်မရှင် အတွင်း ရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာဦးပြား (တမ္ပဝတီလူထူးကဲ)နှင့် မြို့နယ်စာရေးဆရာအသင်းဝင်စာရေးဆရာ ၁၃ ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)