တန့်ယန်းမြို့နယ်တွင် အောင်တော်မူစေတီတော်ကြီးအတွက် ခရိုင်နှင့်မြို့နယ်တို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ စုပေါင်း၍ အလှူတော်ငွေ ဆက်ကပ်

တန့်ယန်း ဧပြီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နေမိန္ဓရကုန်းတော်ပေါ်၌ တည်ထားလျက်ရှိသော အောင်တော်မူစေတီတော်ကြီးအတွက် ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများမှ စုပေါင်း၍ အလှူတော်ငွေများ ဆက်ကပ်ခြင်းအား ယမန်နေ့ မွန်းလွဲညနေပိုင်းက ကိုင်းကုန်းပရိယတ္တိစာသင်တိုက်၌ လှူဒါန်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အောင်တော်မူစေတီတော်ကြီးအတွက် ခရိုင်နှင့် မြို့နယ်တို့မှ ဌာနဆိုင်ရာ ဝန်ထမ်းများမှ စုပေါင်း၍ အလှူတော်ငွေများ ဆက်ကပ်ခြင်းအား စေတီတော်တည်ဆောက်ရေး ဩဝါဒါစရိယဆရာတော် ကိုင်းကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက ဘဒ္ဒန္တကုသလထံ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက စုစုပေါင်းအလှူတော်ငွေ ကျပ်သိန်း (၁၂၀)အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)