မြို့သစ်မြို့၊ မြို့မဈေးကြီးအတွင်း အသားဆိုင်များအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မြို့သစ် ဧပြီ ၁၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် စားသုံးသူပြည်သူများ သင်္ကြန်ကာလအတွင်း ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့မဈေးကြီးအတွင်း (အမဲ သား၊ ဝက်သား၊ ဆိတ်သား) အသားများအား သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့် အဖွဲ့ဝင်များမှ ကြည့်ရှုခဲ့ပြီး မြို့မဈေးအတွင်းရှိ အသားဆိုင်များ၌ လက်ရှိမြေပြင်တွင် ရောင်းချလျက်ရှိသော (အမဲသား၊ ဝက်သား၊ ဆိတ်သား)အသားများ၏ ဈေးနှုန်းများကို ဆိတ်သားတစ်ပိဿာ-၁၆၀၀၀/ကျပ်၊ အမဲသားတစ်ပိဿာ (၁၃၀၀၀)ကျပ်၊ ဝက်သားတစ်ပိဿာ (၁၂၀၀၀)ကျပ်စျေးဖြင့် ရောင်းချရန် အသားအရောင်းဆိုင်များတွင် ဗီနိုင်းဆိုင်းဘုတ်များချိတ်ဆွဲ၍ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)