မြစ်ကြီးနားမြို့(Community Centre)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

မြစ်ကြီးနား ဧပြီ ၁၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့မရပ်ကွက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူး ဦးကျော်ထက်က လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ပြည်နယ် တာဝန်ခံ ဒေါ်အိအိအေးက တိုင်းရင်းသားမျိုးနွယ်စုများ၏ စာပေနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်များ၊ လူငယ်များ၏ အခန်းကဏ္ဍတို့အား  ရှင်းလင်းပြောကြားသည်။

ထို့နောက် ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်သူက "အားကစားနှင့် လူငယ်ကဏ္ဍ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောကာ ကချင်ပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင် ဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာက လူငယ်နှင့်အနာဂါတ်     ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာနမှ မနောမြေပညာရေးစင်တာရှိ ကျောင်းသား/သူများ အသုံးပြုရန် အားကစားအထောက်အကူပြုပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်းနှင့် အဆိုပါ ဟောပြောပွဲကို မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပြည်နယ်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေး ရှင်းတို့ ပူးပေါင်းကျင်းပကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)