လယ်ဝေးမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ

လယ်ဝေး ဧပြီ ၁၂

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် နေပြည်တော် စာပေဝိုင်းမှ စာရေးဆရာများ၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်း ၉ နာရီခွဲက ကျင်းပသည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝေကြည်စန်းအောင်က စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန် ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှုပိုမိုရရှိစေရေး ရည်ရွယ်ကာ စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် စာရေးဆရာမ ဇင်(ရန်ကုန်တက္ကသိုလ်)၊ စာရေးဆရာ သဘာဝ၊ ဆရာ စိန်လင်းထက်၊ ဆရာရွှေပြည်စိုး(မိုးကုတ်)၊ ဦးခင်မောင်ထွန်း၊ ဦးဝင်းဦး၊ ဦးတင်ငွေတို့က ဒေါက်တာခင်မောင်ညို ရေးသားသည့် လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်အားဖတ်ရှု၍ မိမိတို့၏ ရှုထောင့်အသီးသီးမှ ခံစားနားလည်မှုများအား ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အိအိငြိမ်းဖြူ(ပြန်/ဆက်)