မိုင်းယောင်း ဧပြီ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန့်မာရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ဟောင်ကြန့်အုပ်စု၊ ခိုကဲကျေးရွာရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဇော်မင်းဆွေ၊ မိုင်းယောင်းတပ်နယ်မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဖြူစင်-မိုင်းယောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးအထောက်အကူပြုအသင်းနှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူများက ၁၃၈၅ ခုနှစ် မြန့်မာရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး တင်ပြချက်၊ လိုအပ်ချက်များနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးအေးချိုနှင့်အဖွဲ့ဝင်များတို့သည် သင်္ကြန်ယိမ်းအဖွဲ့များ အစမ်းလေ့ကျင့်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)