နမ့်စန်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

နမ့်စန်() ဧပြီ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၄ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို သင်္ကြန်အကြိုနေ့ နံနက်ပိုင်းတွင် အမှတ်()ရပ်ကွက်၊ မြို့နယ်ခန်းမရှေ့၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ဖွင့်ပွဲ၊ ပိတ်ပွဲ၊ ယိမ်းအကပြိုင်ပွဲ၊ ဖျော်ဖြေရေးအဆိုအကများဖြင့် သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ၊ ရပ်ကွက်နှင့် ကျေးရွာများမှ ယိမ်းပြိုင်ပွဲဝင် အကအဖွဲ့ (၁၀) ဖွဲ့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကျင်းပမည့် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ် တည်ဆောက်ရေးလုပ်ငန်းများကို ယနေ့နေ့လည်ပိုင်းတွင် သက်ဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍအလိုက် အပြီးသတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သူရအောင်(နမ့်စန်)