မဟာသင်္ကြန်ရက်ရှည်ရုံးပိတ်ရက်များတွင် ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားတွင် ဘုရားဖူးပြည်သူများနှင့် စည်ကား

ကျောက်ဆည်  ဧပြီ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးတွင် တည်ရှိသော ဆုတောင်းပြည့်မဟာရွှေသိမ်တော် ဘုရားကြီးတွင် မဟာသင်္ကြန်ရက်ရှည်ရုံးပိတ်ရက်များတွင် ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားကြီးသည် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့ပြီး အရှင်အရဟံ သိမ်သမုတ်ခဲ့သော ဘုရားတစ်ဆူဖြစ်ကြောင်းနှင့် အုန်းပွဲ၊ ငှက်ပျောပွဲ၊ ပန်းနံ့သာများဖြင့် သစ္စာအဓိဌာန်ပြုဆုတောင်းပါက တောင်းသည့်ဆုများပြည့်ဝသော တန်ခိုး ကြီးဘုရားတစ်ဆူအဖြစ် လူသိများ ထင်ရှား “ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားကြီးရောက်တော့ အေးချမ်းသွားပြီး ပြည်သူတွေရဲ့ အဓိဌာန်ငှက်ပျောပွဲတွေမြင်ပြီး စိတ်ထဲတွင် အလိုလိုကြည်နူးပျော်ရွှင်မိကြောင်း အနယ်နယ်အရပ်ရပ်က ဘုရာဖူး ပြည်သူတွေနဲ့စည်ကားနေတာမြင်ရတော့လည်း ပျော်ရွှင်ကြည်နူးရကြောင်းနှင့် မိမိအနေနှင့်  အုန်းပွဲ၊ ငှက်ပျောပွဲ၊ ပန်းနံ့သာတွေနဲ့ အဓိဌာန်ပွဲထိုးပြီး တွေ့ရှိရသည့်အခက်အခက်များ ပြေလည်စေပြီး နောက်အားလပ်ရက်များတွင် လာရောက်ဖူးမြော်နိုင်ရန်နှင့် လိုရာဆုများ တောင်းခဲ့ကြောင်း” ဘုရာဖူး ပြည်သူ တစ်ဦးက ပြောပြသည်။

ဆုတောင်းပြည့်မဟာရွှေသိမ်ဘုရားကြီး၏ ဂေါပကအဖွဲ့နှင့်တာဝန်ရှိသူများကလည်း ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်ကြည်ညို နိုင်စေရေးအတွက် လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့များနှင့် ဘုရားဖူးပြည်သူများ အေးချမ်းစွာနှင့် ဘုရာဖူးနိုင်ရေး စနစ်တကျ စောင့်ကြည့်ကူညီပေးလျက်ရှိပြီး ဘုရားဖူးလာပြည်သူများ၏ မော်တော်ယာဉ်နှင့်မော်တော်ဆိုင်ကယ်များကို စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ပေးလျက်ရှိကြောင်းနှင့် လိုအပ်သည့် ကူညီမှုများလည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)