ရွှေတောင်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးနှင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအစည်းအဝေး ကျင်းပ

ရွှေတောင် ဧပြီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းဆပ်ကော်မတီပါအဖွဲ့ဝင်များမှ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့၏ ဌာနအလိုက် လစဥ်ပုံမှန်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ရွှေတောင်မြို့နယ်အတွင်း ပေါင်းစပ်လုပ်ကိုင်ရမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး၊  ရေကစားမဏ္ဍပ်၌ ယိမ်းအကဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဥ်များ ကပြဖျော်ဖြေနိုင်ရေးနှင့်နှစ်ဆန်း ၁ ရက်နေ့တွင် သက်ကြီးဘိုးဘွားကန်‌တော့ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲနှင့် နှစ်ဆန်း ၂ ရက်နေ့တွင် အန္တရာယ်ကင်းပရိတ်တော်များကို ဆွေးနွေးကြရာ တက်ရောက်လာသော ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)