ရှမ်းပြည်နယ်အတွင်း မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (အကျနေ့) တွင် ပြည်သူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲ

တောင်ကြီး ဧပြီ ၁၅

ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ရေကစားသူများနှင့် စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကျနေ့ကို ပြည်သူများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ လျက်ရှိကြောင်း သိရသည်။

၁၃၈၅ ခုနှစ် မဟာသင်္ကြန်ပွဲတော်အား မြန်မာမှု မြန်မာ့ဟန်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု အနှစ်သာရ များ ပပျောက်မှုမရှိစေရေးနှင့် ဆက်လက်ထိမ်းသိမ်း စောင့်ရှောက်နိုင်ရေးတို့အတွက် ရိုးရာဓလေ့ ထုံးတမ်းများနှင့်အညီ  နိုင်ငံတစ်ဝှမ်း စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ သင်္ကြန်အကျနေ့တွင် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းပန်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ နမ့်စန်(တ)မြို့နယ်၊ မိုင်းရှူးမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ မိုင်းယုမြို့နယ်နှင့် လားရှိုးမြို့နယ်တို့တွင်  ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိပြီး ဗဟိုမဏ္ဍပ်များ၌ ယိမ်းအဖွဲ့ များနှင့် ဖျော်ဖြေရေးအဖွဲ့များက အလှည့်ကျဖျော်ဖြေပေးလျက်ရှိရာ ပြည်သူများက မဟာသင်္ကြန် ပွဲတော်အား ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

(ပြန်/ဆက်)