အမြို့မြို့အနယ်နယ်သတင်းများ

Apr 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးတောကျေးရွာအုပ်စု၊ ဝါးတောကျေးရွာတွင် ယမန်နေ့ ညနေ(၄)နာရီအချိန်ခန့်က လူနေအိမ် (၂) လုံး မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Apr 16,2024
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူ ဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အတက်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
Apr 16,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင် ယမန်နေ့ နံနက် ၂ နာရီဝန်းကျင်ခန့်က ထင်းမီးဖြင့် ဝက်စာကျိုချက်ရာမှတစ်ဆင့် လူနေအိမ်နှစ်လုံး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
Apr 16,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ မဟာသင်္ကြန်ကာလ နတ်မောက်ရေလှောင်တမံမှ ရေလွှတ်ထားသည့်အတွက် နတ်မောက်မြို့ ယင်းချောင်းအတွင်း ရေကစားသူများဖြင့် နေ့စဉ် စည်ကားလျက်ရှိကြောင်း သိရသည်။
Apr 16,2024
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အတက်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
Apr 16,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် မြန်မာ့နှစ်ကူးသင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းက (၁၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မြို့မရပ်ကွက်၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းရှိ ဓမ္မလင်္ကာရကျောင်းဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 16,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်လည်ပတ်သူများဖြင့် ကြိတ်ကြိတ်တိုး အထူးစည်ကားပြီး တည်းခိုဆောင်များပြည့်သည်အထိ နေ့စဉ်လာရောက်ကြကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
Apr 16,2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ကောင်းမှုကုသိုလ်ပြုသူများ၊ ဥပုသ်သီလခံယူ ဆောက်တည်သူများ၊ ရေကစားသူများ၊ စတုဒိသာကျွေးမွေးသူများဖြင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ကို အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သိရသည်။