ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်သူများသောက်သုံးရေ အခက်အခဲမဖြစ်ပေါ်စေရန်အတွက် သောက်သုံးရေများ သွားရောက်လှူဒါန်း

ဒဂုံအရှေ့ ဧပြီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်နေပြည်သူများ နွေရာသီကာလတွင် သောက်သုံးရေ အခက်အခဲမဖြစ်ပေါ်စေရန်နှင့် အဆင်ပြေမှုရှိစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၏ စီစဉ်မှုဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းခြင်းကို အမှတ်(၁၅၅)ရပ်ကွက်ရှိ ပြည်သူများထံသို့ ယနေ့နံနက်(၁၁)နာရီက သွားရောက်လှုဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်နေပြည်သူများထံ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်၏ကြီးကြပ်မှုဖြင့် ဒုတိယဦစီးမှူး ဦးနိုင်ဝေထိုက်ဦးဆောင်၍ သ​န္ဓေ ၆ ဦး၊ အရန်တပ်ဖွဲ့ဝင် (၂)ဦးတို့က အိမ်ခြေ (၂၀၀)ခန့်အား မီးသတ်ရေသယ်ယာဉ် ၁ စီးဖြင့် ရေဂါလံ (၆၄၀၀) ဂါလံအား လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အေးမဉ္ဇူ