အုတ်တွင်း ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းတပ်နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်(အကြတ်နေ့) ယမန်နေ့နံနက်ပိုင်းက တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိပြီး အထူးစည်ကားလျက်ရှိကြောင်း သိရသည်။
၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အုတ်တွင်းတပ်နယ်အတွင်းရှိ သင်္ကြန်မဏ္ဍပ်တွင် ဖျော်ဖြေရေးအစီအစဉ်များနှင့် ရေကစားမဏ္ဍပ်များဆောင်ရွက်ပေးထားပြီး သင်္ကြန်(အကြိုနေ့)မှစတင်ကာ တပ်နယ်အရာရှိမိသားစုဝင်များ၊ ဌာနဆိုင်ရာများနှင့် တပ်မတော်မိသားစုဝင်များ အေးချမ်းစွာ ရေကစားနိုင်ရေး အုတ်တွင်းတပ်နယ် တပ်မတော်လေ့ကျင့်ရေးကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မြင့်ဦး ဦးဆောင်၍ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
အုတ်တွင်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်သည် ယခင်နှစ်များထက် ပိုမိုစည်ကားလျက်ရှိပြီး ယနေ့တွင်တပ်မတော် တပ်ရင်းတပ်ဖွဲ့များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများနှင့် ရေကစားသူများ ဘေးကင်းလုံခြုံမှုရှိစေရေး တပ်နယ်နှင့်ဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ မဟာသင်္ကြန်(အကြိုနေ့)မှစ၍ နေ့စဉ် အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)