မုံရွာ ဧပြီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများလိုက်ပါလျက် ၁၃၈၅-ခုနှစ်၊ ၂၀၂၄-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ယမန်နေ့ သင်္ကြန်အကြတ်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နင့်ဇနီး၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးဌာနများမှ ရှပ်ရှင်ရုပ်ဆောင်များ၊ နိုင်ငံကျော်အဆိုတော်များ၏ ဖျော်ဖြေမှုနှင့် ယိမ်းအကအဖွဲ့များ၏ ကပြဖျော်ဖြေနေမှုများအားအား ကြည့်ရှုအားပေးကာ မုံရွာမြို့နေပြည်သူများနှင့် ရပ်ကွက်နေပြည်သူများ မိသားစုဝင်များ၊ ပြည်သူများနှင့် သင်္ကြန်ချစ်သူများ ပျော်ရွှင်စွာဖြင့် ရေကစားနေမှုများ ကြည့်ရှုအားပေးခဲ့ကြပြီး ရေသဘင်ပွဲတော်ပွဲတော်သို့ လာရောက်ကြသူများအား စတုဒီသာကျွေးမွေးဧည့်ခံခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးဌာနအသီးသီမှ မဏ္ဍပ်များမှ ယိမ်းအလှ၊ အကအဖွဲ့များမှ သင်္ကြန်ပွဲတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် ၁၃၈၄-ခုနှစ် ၂၀၂၃-ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့ ကန်သာယာရှိ ဗဟိုမဏ္ဍပ်သို့ ရောက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးဌာန မဏ္ဍပ်များမှ ဧည့်သည်တော်များ၊ ယိမ်းအလှပျိုဖြူများနှင့် တက်ရောက်လာသူများအား နှစ်သစ်ကူးအမွှေးနံ့သာရေဖြင့် အပြန်အလှန်ပက်ဖျန်းကြပြီး နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုရှင်များနှင့် ယိမ်းအလှပျိုဖြူများက အလှည့်ကျဖျော်ဖြေနေမှုများအား ကြည့်ရှူအားပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အလုံတပ်နယ်ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၉၆၁) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်း ရေသဘင်မဏ္ဍပ်များသို့ ရောက်ရှိရာ ရေသဘင်မဏ္ဍပ်မှ ယိမ်းအကလှပျိုဖြူများ၊ ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင်များက အကအလှများဖြင့် သီဆိုဖျော်ဖြေမှုအား ကြည့်ရှုအားပေးကြကာ ယိမ်းအကဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တာဝန်ရှိသူများက အတာရေများပက်ဖျန်းပေးခဲ့ပြီး ယိမ်းအကလှပျိုဖြူများက အကအလှများဖြင့် ဖျော်ဖြေကြပြီး ဖျော်ဖြေသည့်ယိမ်းအကအလှအဖွဲ့များ၊ ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြင့်ခဲ့ကြပြီး ရေကစားမဏ္ဍပ်များတွင် ပြည်သူများပျော်ရွှင်စွာ ရေကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)