Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြည်ခရိုင်အတွင်းရှိ လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်
Apr 24,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဧပြီလ ၂၂ ရက်နေ့က တိုက်ခတ်ခဲ့သော လေဘေးအန္တရာယ်ကြောင့် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် ကော်မတီဝင်များ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနများ ပူးပေါင်း၍ ရွှေတောင်မြို့နယ် (ဒုရင်ဒုဘို၊ မြို့မ၊ နွားမယံ၊ ဇယ်မ၊ ထန်းကုန်း) စသည့် ကျေးရွာအုပ်စု (၅) စုမှ ပြိုလဲ နေအိမ် (၅) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀) ကျပ်၊ အမိုးလန်ပျက်စီးနေအိမ် (၂၈) လုံးအတွက် (၁၀၄၀၀၀၀) ကျပ်၊ အိမ်ထောင်စု(၃၃)စုမှ လူဦးရေ (၁၁၇) ဦးအတွက် ဆန်ရိက္ခာဖိုး (၂၄၅၇၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၇၈၅၇၀၀) ကျပ်နှင့် (၄၆၀၃၆) ကျပ် တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးပါ အိမ်ထောင်စု (၅) စုအား ကယ်ဆယ်ရေးပစ္စည်ပုံး (၅) ပုံးကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်မြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းများတွင် သင်ကြားနေမှုများအား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုအားပေး
Apr 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိ ပြည်သူများစာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများ ဖွင့်လှစ်သင်ကြားလျက်ရှိရာ အဆိုပါသင်ကြားနေမှုများအား မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ မြို့နယ်အဆင့် ယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာ၊ ပန်းချီနှင့် English Speaking သင်တန်းဖွင့်လှစ်သင်ကြား
Apr 24,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် မြို့နယ်အဆင့် ယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာ၊ ပန်းချီနှင့်English Speaking သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အောင်ဇေယျရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာ၊ ပန်းချီသင်တန်းဖွင့်ပွဲသို့ တက်ရောက်
Apr 24,2024
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ ဇေယျာသီရိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီးဇေယျာမင်း၊ ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ ခရိုင်ပညာရေးမှူး ဦးရဲသူရခင်စိုး၊ ဥတ္တရခရိုင်ပညာရေးမှူး ဒေါ်ဇာဇာဇင်၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၁၀ နာရီက ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း နွေရာသီကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ယဉ်ကျေးလိမ္မာ၊ ပန်းချီသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး လုပ်ငန်းကွင်းဆင်း ဆောင်ရွက်
Apr 24,2024
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတွင် နွေရာသီကာလ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းအတွက် ပြည်နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဟိန်းဇော်နှင့်အဖွဲ့မှ မီးသတ်ဆေးဘူး (၁၄)ဘူးအား အာနိသင်သက်ရောက်မှု ရှိ၊မရှိ စိစစ် စစ်ဆေးပေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးသတ်ဆေးဘူးများ၏ အရည်အသွေး စိစစ်ခြင်းနှင့် မီးဘေးအန္တရာယ်ကျရောက်လာပါက မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့ သရုပ်ပြ မီးငြှိမ်းသတ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့၌ နွေရာသီအဆင့်မြင့် အားကစားသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Apr 24,2024
ရှမ်းပြည်နယ်လူငယ်ရေးရာကော်မတီ၊ နွေရာသီအဆင့်မြင့်အားကစားသင်တန်းများဖွင့်ပွဲကို ဧပြီ (၂၂) ရက် ညနေ (၃)နာရီခွဲက တောင်ကြီးမြို့၊ ပြည်နယ်လေ့ကျင့်ရေး အားကစားရုံ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပုဂ္ဂလိကဆရာအတက်ပညာလက်မှတ်သင်တန်း (မူလတန်းနှင့် အလယ်တန်းအဆင့်) ဖွင့်ပွဲအခမ်းအနား တက်ရောက်
Apr 24,2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပုဂ္ဂလိကဆရာအတက်ပညာလက်မှတ်သင်တန်း (မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့်) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးပညာရေး ဒီဂရီကောလိပ်ရှိ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
ကံမမြို့နယ်၌ အခြေခံပညာကျောင်းများအခြေပြု ကင်းထောက်သင်တန်းဖွင့်လှစ်
Apr 24,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၉) နာရီက အခြေခံပညာကျောင်းများအခြေပြု ကင်းထောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဝေယံက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9101
Page
9102
Page
9103
Page
9104
Current page
9105
Page
9106
Page
9107
Page
9108
Page
9109
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department