ကံမမြို့နယ်၌ အခြေခံပညာကျောင်းများအခြေပြု ကင်းထောက်သင်တန်းဖွင့်လှစ်

ကံမ ဧပြီ ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၉) နာရီက အခြေခံပညာကျောင်းများအခြေပြု ကင်းထောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ မြို့နယ်ပညာရေးမှူး ဦးကိုကိုမောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်ဝေယံက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကင်းထောက်သင်တန်းအား သင်တန်းနည်းပြဆရာ (၄) ဦးတို့က ဆက်လက်သင်ကြားခဲ့ပြီး အဆိုပါသင်တန်းအား ဧပြီ (၂၃) ရက်မှ ဧပြီ (၂၅) ရက်နေ့ထိ (၃) ရက်တိုင်တိုင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ (၁၃၉) ဦး သင်တန်းတက်ရောက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)