အမြို့မြို့အနယ်နယ်သတင်းများ

Apr 24,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ယနေ့တွင် ပင်စင်လစာများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Apr 24,2024
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် နွေရာသီရေရှားပါး၍ သောက်သုံးရေပြတ်လတ်မှုမရှိစေရေး အခက်အခဲရှိနေသည့် ပြည်သူများအား နေ့စဥ်နံနက်ပိုင်းနှင့် ညနေပိုင်းတို့၌ ပြည်သူ့များအား သောက်သုံးရေများ လိုက်လံလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
Apr 24,2024
ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ကျက်‌သရေဆောင် အောင်ဗောဓိဆုတောင်းပြည့် စေတီတော်ဝန်းအတွင်းရှိ သာသနာ့သောဘိဏီ ထက်လင်းသိမ်တော်ကြီးတွင် ယမန်နေ့ ညနေ (၃)နာရီက ရန်ကုန်တိုင်းဒေသကြီးအတွင်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ဘေးအန္တရာယ်များ ကင်းဝေးစေရေးအတွက် ရည်မှန်းရွတ်ဖတ်သရဇ္စျာယ်သည့် ဥပ္ပါတသန္တိသုတ် ရွတ်ဖတ်ပူဇော်ခြင်း အောင်ပွဲမင်္ဂလာအခမ်းအနား ကျင်းပသည်။
Apr 24,2024
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာများကို စိုက်ပျိုးကြပြီး ယခုအခါ မြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။
Apr 24,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အစိုးရရုံးဌာနများသို့ ယနေ့နံက် (၁ဝ)နာရီတွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ၊ရသ စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆက်လက်ဆောင်ရွက်ကြသည်။
Apr 24,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူများ ယဉ်ကျေးလိမ္မာမှုရှိစေရန်၊ ဗုဒ္ဓတရားတော်များကို အခြေခံမှစသိရှိနားလည်စေရန် ရည်ရွယ်၍ ယဥ်ကျေးလိမ္မာသင်တန်းကို စေတော်ဝင်တောရကျောင်းတိုက်တွင် ယနေ့နံနက် ၈ နာရီအချိန်တွင် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
Apr 24,2024
၂၀၂၄ ခုနှစ် လူရည်ချွန်မောင်မယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Apr 24,2024
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင်ဖွင့်လှစ်မည့် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ဂွေးချို)အတွက် သင်ကြားသင်ယူမှုနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်မည့် အခြေအနေများ ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန် ကအခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း(ဂွေးချို)၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဌေးသွင် တက်ရောက်ရှင်းလင်းဆွေးနွေးသည်။