ပေါင်းတည် ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အစိုးရရုံးဌာနများသို့ ယနေ့နံက် (၁ဝ)နာရီတွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် သုတ၊ရသ စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို ပုံမှန်ဆက်လက်ဆောင်ရွက်ကြသည်။
မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်ဖြစ်သောပြည်သူများ အသိပညာဗဟုသုတတိုးပွားရေး၊ လူ့အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်ကာ မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိသတ်များ စဉ်ဆက်မပြတ် စာနယ်ဇင်းများ ဖတ်ရှုနိုင်စေရန်နှင့် ပြည်သူများ စာဖတ်ရှိန်မြှင့်တင်နိုင်ကြစေရေးအတွက် ယင်းသို့ စာဖတ်သူများထံအရောက် ရွေ့လျားစာကြည့်တိုက်ဖြင့် သွားရောက်အခမဲ့ငှားရမ်းပေးကြသည်။
ထိုဆောင်ရွက်မှုကို မြို့နယ်ပြည်သူ့စာကြည့်တိုက်မှူး၊ ဒုတိယဦးစီးမှူး ဒေါ်ဝင်းမြသန်းနှင့်အတူ စာကြည့်တိုက် လက်ထောက်(၃)ဝန်ထမ်းတို့က ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး သုတစာအုပ် ၅၄အုပ်နှင့် ရသစာအုပ် ၃၂ အုပ်တို့ကို စနစ်တကျ ငှားရမ်းပေးခဲ့ကြကြောင်း သိရသည်။
သူရကြီး( ပြန်/ဆက်)