အမြို့မြို့အနယ်နယ်သတင်းများ

Apr 25,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ဦးဆောင်၍ ပြည်သူများအစဉ်ပြေစေရန် အခြေခံစားသောက်ကုန်နှင့် သားငါးများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ယနေ့နံနက် ၇ နာရီက တရော်ကုန်းရပ်ကွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့ တွင် ရောင်းချပေးခဲ့သည်။
Apr 24,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်း ဒေသန္တရစီမံကိန်းနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုလျာထားချက်များ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် (ဧပြီလမှမတ်လ) အထိ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့၊ နံနက်ပိုင်းက ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
Apr 24,2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် (၉) အကောင်အထည်ဖော် စီးပွားရေးဦးတည်ချက်တွင် ပါဝင်သော တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ (MSME) ပို့ကုန်ကဏ္ဍမြှင့်တင်ရေးဆိုသည့် ချမှတ်ပြီး တွန်းအားပေး မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။
Apr 24,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား အစိုးရဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ဧပြီလ ၂၁ ရက်နေ့မှ စတင်၍ ထုတ်ပေးလျက်ရှိသည်။
Apr 24,2024
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဦးဆောင်ကာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ရွက်ပုံးသီး အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မျိုးဆက်သစ်လူငယ်လူရွယ်များ မြို့နယ်မှတစ်ဆင့် ခရိုင်အဆင့်၊ ခရိုင်မှတစ်ဆင့် တိုင်းအဆင့် ယှဥ်ပြိုင်ပြီး အလားအလာ ကောင်းသော လူငယ်လက်ရွေးစင် ၊မြန်မာ့မာ့လက်ရွေးစင် ဘော်လီဘော အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်မှ ချမှတ်ထားသော ထူးချွန်ထက်မြတ်သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရေးကို အလေးထားရည်ရွယ်ပြီး ၂၀၂၄-ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက်(၈)နာရီမှစတင်ပြီး မုံရွာမြို့ ပြည်သူ့အားကစားကွင်း မိုးလုံလေလုံခန်းမ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 24,2024
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်ပွဲကို ဧပြီ ၂၄ ရက်နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
Apr 24,2024
နေပြည်တော်စုရပ်စခန်းသို့ သွားရောက်မည့် ၂၀၂၄ ခုနှစ် ရှမ်းပြည်နယ်မှ လူရည်ချွန်မောင်၊ မယ်များသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ထံ သြဝါဒခံယူခြင်းကို ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။
Apr 24,2024
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကင်းထောက်သင်တန်းနှင့် နွေရာသီလူငယ်သင်တန်းများ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ထောက်ပံ့ချီးမြှင့်ခဲ့သည်။