မိုင်းယောင်း ဧပြီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ယနေ့တွင် ပင်စင်လစာများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် အငြိမ်းစားဝန်ထမ်း (၃၆၅) ဦးရှိပြီး ပင်စင်လစာ မထုတ်ရသေးသည့် အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများကို ဘဏ်ဖွင့်ရက်များတွင် ဘဏ်လုပ်ငန်းချိန်အတွင်း အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း မိုင်းယောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။
နန်းပန်