စေတုတ္တရာ ဧပြီ ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသား၊ ကျောင်းသူများ ယဉ်ကျေးလိမ္မာမှုရှိစေရန်၊ ဗုဒ္ဓတရားတော်များကို အခြေခံမှစသိရှိနားလည်စေရန် ရည်ရွယ်၍ ယဥ်ကျေးလိမ္မာသင်တန်းကို စေတော်ဝင်တောရကျောင်းတိုက်တွင် ယနေ့နံနက် ၈ နာရီအချိန်တွင် သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို စေတော်ဝင်တောရ အရှေ့ကျောင်းဆရာတော် ဘဒ္ဒန္တသီလာစာရ၏ဦးစီးမှုဖြင့် နည်းပြများအဖြစ်အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမ ဒေါ်တင်မိုးခိုင်၊ ဆရာမများက သင်ကြားပို့ချရှင်းလင်းမှုအား ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ရွတ်ဆိုရှင်ခြင်း၊ ရေးမှတ်ခြင်းပြုလုပ်ကာ သင်တန်းချိန်အပြီး ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား အဟာရမုန့်ကျွေးခြင်းများ ပြုလုပ်ဆောင်ရွက်သည်။
ထို့နောက် ယဉ်ကျေးလိမ္မာသင်တန်းကို ဧပြီလ ၂၂ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြား၍ သင်တန်းကာလ (၂)ပတ်ကြာမြင့်မည်ဖြစ်ကြောင်း၊ သင်တန်းသို့ ကျောင်းသာ၊ ကျောင်းသူ ကလေးငယ်(၆၀)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)