Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Apr 24,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) အဖွဲ့တို့ ပူးပေါင်း၍ (Community Centre) ခန်းမတွင် စာရေးဆရာ "မောင်ခင်မင် (ဓနုဖြူ) "ရေးသားသည့်" အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ" စာအုပ်ဖြင့် ယနေ့ နံနက် ၁၀ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ်အစိုးရအဖွဲ့က လင်းခေးမြို့နယ် ဓမ္မစကူးလ် သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသားများအတွက် ထောက်ပံ့ငွေများပေးအပ်
Apr 24,2024
ရှမ်းပြည်နယ် အစိုးရအဖွဲ့က လင်းခေးမြို့နယ် ဓမ္မစကူးလ်သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသားများအတွက် ထောက်ပံ့လာသော ငွေများအား မြို့နယ်တာဝန်ရှိသူတို့က အဆိုပါ သင်တန်းဖွင့်လှစ်လျက်ရှိသည့် နေရာအသီးသီးသို့ ကွင်းဆင်းပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဝေါမြို့၌ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စာဖတ်ဝိုင်းကျင်းပ
Apr 24,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များဖြစ်လာစေရန် ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် နှုတ်မှုစွမ်းရည်များ တိုးတက်မြင့်မားလာစေရန်နှင့် တစ်ဦးနှင့်တစ်ဦး အသိပညာများ၊ အတတ်ပညာများ ဖလှယ်နိုင်စေရန် ရည်ရွယ်၍ လူငယ်စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်း ၁၀:၀၀ နာရီတွင် စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ကျင်းပကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မိုးကြိုပဲတီစိမ်း (၂၂၇၁) ဧက စိုက်ပျိုးပြီးစီး
Apr 24,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ မဲဇလီရေလွှဲဆည်ရေဖြင့် မိုးကြိုပဲတီစိမ်း (၂၂၇၁) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် ရင်းနှီးမြုပ်နှံမှုကော်မတီ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေး ကျင်းပ
Apr 24,2024
ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သံဃာအပါး (၅၀၀) ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး တက်ရောက်ကြည်ညို
Apr 24,2024
ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် ဧပြီလ (၂၃) ရက်နေ့ ညနေပိုင်းအချိန်က သံဃာအပါး (၅၀၀) အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့မှ တက်ရောက်လောင်းလှူကြည်ညိုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်တွင် လေပွေတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီး
Apr 24,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သငှားကျေးရွာအုပ်စု၊ သငှားကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က လေပွေတိုက်ခတ်မှုကြောင့် လူနေအိမ် (၁၃) လုံး၊ စာသင်ကျောင်း (၁) ကျောင်းနှင့် ဘုန်းကြီးကျောင်း (၁) ကျောင်း အမိုးလန်ပျက်စီးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြော၍ မီးငြိမ်းသတ်နည်း သရုပ်ပြဆောင်ရွက်
Apr 24,2024
ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှုမဖြစ်ပွားစေရေးနှင့် မီးဘေး တားဆီးကာကွယ်နိုင်စေရေးတို့ကို ရည်ရွယ်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ယမန်နေ့ ဧပြီ(၂၃)ရက် ညနေပိုင်း၌ ဘိုကလေးမြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် ဆီအရောင်းဆိုင်ပိုင်ရှင်များနှင့် ဆိုင်ဝန်ထမ်းများအား မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်နည်းလက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9095
Page
9096
Page
9097
Page
9098
Current page
9099
Page
9100
Page
9101
Page
9102
Page
9103
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department