ငါန်းဇွန် ဧပြီ ၂၄
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ခေတ်မီစံပြကျေးရွာ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းဖွင့်လှစ်ခြင်း၊ ဆိုလာရေတင်လုပ်ငန်းနှင့်ပတ်သက်၍ မြို့နယ်အဆင့် သက်ဆိုင်သူအားလုံးပါဝင်သော သုံးသပ်ဆွေးနွေးပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္က ဦးမျိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးအောင်က စီမံကိန်းသုံးသပ် ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးမျိုးဇော်အောင်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္က၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်တို့မှ ခေတ်မီစံပြကျေးရွာစီမံကိန်း၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများနှင့် ပတ်သက်သည့် ကျေးရွာများဖြစ်သည့် ရွှေတွင်းကုန်းကျေးရွာ၊ ဒီဃာယုကျေးရွာနှင့် သပြေသာကျေးရွာတို့မှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ အဖွဲ့လိုက် မှတ်တမ်းဓာတ်ပုံများရိုက်ကူးပြီး အုပ်စုလိုက် အစုဖွဲ့၍ စီမံကိန်းနှင့် ပတ်သက်သည့် အားနည်းချက်/အားသာချက်များကို ဆွေးနွေးဖော်ထုတ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာကျေးရွာများမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သက်နောင်ဦး(ငါန်းဇွန်)