ပန်းတောင်းမြို့နယ်ရှိ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ပန်းတောင်း    ဧပြီ    ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် စွယ်တော်ကျေးရွာအုပ်စုနှင့်နတ်မောက်ကျေးရွာအုပ်စုတို့ရှိ လေဘေးသင့်ပြည်သူများအား ယမန်နေ့ နံနက်(၁၀:၀၀)အချိန်က ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှိုင်တင့်နှင့်အဖွဲ့များလာရောက်ကာ သက်ဆိုင်ရာကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတို့၌ ထောက်ပံ့ငွေနှင့် စားသောက်ကုန်ခြောက်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေဘေးသင့်ပြည်သူများအား ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှိုင်တင့်မှ အကြံပြုနှစ်သိမ့်အားပေးစကားပြောကြားခဲ့ပြီး ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်လှိုင်တင့်၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ့မှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေခိုင်ဆက်နှင့်တာဝန်ရှိသူများပူးပေါင်း၍ စွယ်တော်ကျေးရွာရှိ လေဘေးသင့်ပြည်သူ(၅၆)ဦးအား ထောက်ပံ့ငွေကျပ်(၅၆၀,၀၀၀) နှင့် မာမီးခေါက်ဆွဲခြောက်(၁၂)ဖာကိုလည်းကောင်း၊ နတ်မောက်ကျေးရွာရှိ လေဘေးသင့်ပြည်သူ(၂၅)ဦးအား ထောက်ပံ့ငွေကျပ်(၂၅၀,၀၀၀)နှင့် မာမီးခေါက်ဆွဲခြောက်(၈)ဖာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

လပြည်လင်း(ပြန်/ဆက်)