ရွှေတောင် ဧပြီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ ဧပြီလ ၂၃ ရက်နေ့ ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းကို တံပူစားကျေးရွာအုပ်စု၊ အစုကြီးကျေးရွာ၊ ဓမ္မာရုံ၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဒကစမှူး ဗိုလ်မှူးချုပ် စိုးဦးဟန်နှင့် ပြည်ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ၊ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်း၍ ရွှေတောင်မြို့နယ်အတွင်းရှိ ဒုရင်ဒုဘိုကျေးရွာအုပ်စု၊ ကျီးသဲကျေးရွာအုပ်စု၊ မမဲကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာအုပ်စု၊ တရုတ်မှော်ကျေးရွာအုပ်စု၊ တံပူစားကျေးရွာအုပ်စုတို့တွင် လူနေအိမ် (၉) လုံးပြိုကျခဲ့ပြီး၊ လူနေအိမ် (၅၉) လုံးတို့အတွက် ပြည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေ (၃၈၃၂၇၀၀/-) ကျပ်တို့ကို ပေးအပ်ထောက်ပံ့ခဲ့ပြီး ပြိုကျနေအိမ် (၉) လုံးအတွက် တစ်အိမ်လျှင် ပစ္စည်း (၁၆) မျိုးပါ ပုံး(၁)ပုံးစီတို့အား လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)